Personalization of Windows 10 – Part II

Desktop Background ပြောင်းလဲခြင်း

Background ကို နောက်တစ်ခု ရွေးချယ်စရာတစ်ခုက Solid Color ဖြစ်ပါတယ်။

Background မှာ ဘာမှ မထည့်ဘဲ ပြောင်ဘဲ ထားချင်တဲ့ သူတွေအတွက်ဖြစ်ပါတယ်။ Laptop သမားတွေ အတွက် Battery လည်း အစား သက်သာတဲ့ ရွေးချယ်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ပေးထားတဲ့ အရောင်တွေထဲကနေ ကိုယ့် စိတ်ကြိုက် အရောင်တစ်ခုကို ရွေးချယ်ပြီး အဆင်ပြေမပြေ Preview မှာ ကြည့်နိုင်ပါတယ်။

solid color

နောက်တစ်ခုကတော့ လူကြိုက်များတဲ့ ရွေးချယ်မှု ဖြစ်တဲ့ Slide show ဖြစ်ပါတယ်။

slide show

သူ့ကို ရွေးချယ်အသုံးပြုဖို့ရန်အတွက် Desktop မှာ အလှဆင်ချင်တဲ့ ပုံတွေကို Folder တစ်ခုထဲ အရင် စုထည့်ထားဖို့ လိုပါတယ်။ ဒါမှ မဟုတ် Themes ကို download ဆွဲပြီးလည်း အသုံးပြုနိုင်ပါတယ်။

ပထမဆုံး ပုံလှလှလေးတွေ စု၊ Folder တစ်ခုထဲ နာမည်ပေးပြီး D: ထဲ ဖြစ်ဖြစ် ထည့်ထားလိုက်ပါ။

နောက် Choose albums for your slideshow ရဲ့အောက်က Browse ကိုနှိပ်ပြီး ဓာတ်ပုံ Folder ကို ရွေးနိုင်ပါတယ်။

Change pictures every ရဲ့အောက်က Drop-down list ထဲမှာ အချိန်ဘယ်လောက်ကြာကြာ တစ်ခါ ပုံပြောင်းမလဲ ဆိုတာ ရွေးချယ်လို့ရပါတယ်။

change every

သူ့အောက် Shuffle on/off က Folder ထဲက ပုံတွေကို အစဉ်အတိုင်း ဖော်ပြ/မပြ ဆိုတဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။

Off ထားတယ်ဆိုရင် အစဉ်အတိုင်း ပြပေးမှာဖြစ်ပါတယ်။

 

Allow slideshow when on battery power

On ထားတယ် ဆိုရင် ကွန်ပြူတာကို Power ကြိုး မထိုးထားလည်း Sildeshow လုပ်ပေးမှာဖြစ်ပါတယ်။ Off ထားတယ်ဆိုရင်တော့ ကြိုးမထိုးဘဲ Battery နဲ့ သုံးနေရင် Sildeshow မလုပ်ပေးဘဲ တစ်ပုံတည်း ပြပေးနေမှာ ဖြစ်ပါတယ်။

Choose a fit ကတော့ ကျွန်တော် အပေါ်မှာ ရှင်းပြထားပြီးသား ဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s