Personalization of Windows 10 – Part V

Personalization of Windows 10 – Part V

Theme

နောက်တစ်ခုက Theme ဖြစ်ပါတယ်

Windows ရဲ့ အဆင်အပြင်အားလုံး အစုံလိုက် သတ်မှတ်ပြီး ပြန်လည် အသုံးပြုခြင်း ဖြစ်ပါတယ်။

တစ်ခါတစ်လေ Microsoft site ကနေ theme ကို download ဆွဲပြီးလည်း အသုံးပြုနိုင်ပါတယ်။ http://windows.microsoft.com/en-US/windows/themes?ocid=w8_client_themes

Windows ကို စိတ်ကြိုက်ပြင်ဆင်ပြီးတဲ့အခါ ပြန်လည်အသုံးပြုနိုင်ဖို့အတွက် Save လုပ်ထားရင်လည်း ရပါတယ်။

save themes

အရင် Post တွေမှာ ပြင်ထားတဲ့ဟာတွေကို စိတ်ကြိုက်ဖြစ်ပြီ ဆိုရင် Theme ထဲဝင်ပြီး Save Theme ကို နှိပ်ပါ။

Save themes as . . .  dialog box ပေါ်လာရင် စိတ်ကြိုက် နာမည်ပေးပြီး Save လုပ်လိုက်ပါ။

save themes as

 

Start

နောက်တစ်ခုက Start ဖြစ်ပါတယ်။

start

Show more tiles ကို On ထားရင် Start မှာ app လေးတွေကို အများကြီး တွေမြင်ရမှာပါ။

Off ထားရင် Start ရဲ့ အကွက်သေးသွားပြီး app ကိုလည်း ပိုနည်းနည်း မြင်ရပါမယ်။

Occasionally show suggestion in Start ကတော့ ကိုယ့်အသုံးပြုမှုအပေါ် အခြေခံပြီး လိုမယ်ထင်တာတွေကို Suggest လုပ်ပေးမှာ ဖြစ်ပါတယ်။ Onlineတော့ လိုပါမယ်။

Show most used app က အသုံးများတာတွေကို start ပေါ်မှာ ပေါ်ပေးနေမှာပါ။

Show recently added app က မကြာသေးခင်ကမှ installed လုပ်ထားတဲ့ app ကို ပြပေးမှာ ဖြစ်ပါတယ်။

Use Start full screen က Start ကို နှိပ်လိုက်ရင် Start menu ကို Screen တစ်ခုလုံးအပြည့် မြင်ရမှာ ဖြစ်ပါတယ်။ Windows 8/8.1 တုန်းက Style အတိုင်း ဖြစ်သွားမှာပါ။

Show recently opened items . . . ကတော့ ခဏက ဖွင့်ထားတဲ့ file တွေကို History အနေနဲ့ ပြပေးခြင်း ဖြစ်ပါတယ်။

Personalization of windows 10 Post ကို ဒီမှာ အဆုံးသတ်ပါပြီ။

မေးစရာရှိရင် Comment မှာ စာချန်ထားခဲ့နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျ။

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s