Personalization of Windows 10 – Part I

Windows 10 ၏ အဆင်အပြင်ကို စိတ်ကြိုက်ပြင်ဆင်ပြောင်းလဲခြင်း

Setting ကိုသွားပါ 1. Start > 2. Setting

start setting

Setting ကနေ Personalization ကို သွားပါ။Personalization of Windows 10

Personalization ရဲ့အောက်မှာ Background, Colors, Lock Screen, Themes, Start ဆိုပြီး ခေါင်းစဉ်ခွဲ ၅ ခု ရှိပါတယ်။

colors 1

Background

Background မှာ Preview ဆိုပြီးတော့ လက်ရှိရှိနေတဲ့ Windows ရဲ့ အဆင်အပြင်တွေကို ပြထားပါတယ်။

အဲဒါရဲ့အောက်မှာ Background ဆိုတာရှိပါတယ်။ သူ့အောက်က drop-down menu ကို နှိပ်လိုက်ရင်

personalize

Picture, Solid color, Slide show ဆိုပြီး (၃) မျိုး ရှိနေပါတယ်။

Picture ကိုရွေးထားရင် ပုံ တစ်ပုံထဲဘဲ background မှာ ရှိနေမှာပါ။ ဒီပုံစံက အရင် windows တွေရဲ့ default ပုံစံဖြစ်ပါတယ်။

Picture ကိုရွေးလိုက်ရင် အောက်မှာ Choose your picture ဆိုပြီး ထပ်ရှိပါသေးတယ်။

အရင်ရွေးထားခဲ့ဖူးတဲ့ Pictureတွေကိုလည်း အလွယ်တကူ ပြန်ရွေးလို့ရအောင်လည်း (၅)ခု ထားပေးထားပါသည်။

choose your pictiure

ပေးထားတဲ့ ပုံတွေက မလိုလို့ တစ်ခြား ထပ်လိုချင်တာရှိရင် Browse ကို နှိပ်ပါ။

Open dialog box ပေါ်လာပါလိမ့်မယ်။ ဒီကနေတဆင့် ကိုယ် ကြိုက်တဲ့ပုံကို ရွေးချယ်နိုင်ပါတယ်။

personalizebrowse1

ပုံရွေးပြီးရင် Choose picture ကို နှိပ်လိုက်ပါက ကိုယ်ရွေးလိုက်တဲ့ ပုံက Background မှာ ပေါ်နေပါလိမ့်မယ်။

နောက်တစ်ခုက အောက်မှာ Choose a fit ဖြစ်ပါတယ်။

choose a fit

ဒါကတော့ ကိုယ်ရွေးလိုက်တဲ့ ပုံကို ဘယ်လို ပုံစံ မြင်ရမလဲ ဆိုတာကို ရွေးချယ်ပေးခြင်းဖြစ်ပါတယ်။

ဥပမာအားဖြင့် ကိုယ်ရွေးထားတဲ့ပုံက Screen ရဲ့ resolution နဲ့ မတူတဲ့အခါမျိုးတွေမှာ ပုံကို ဘယ်လို screen ပေါ် ပြမလဲ ဆိုတာကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။

choose a  fit drop-down

Fill, fit, stretch, tile, center, span ဆိုပြီး ၆ မျိုး ရှိပါတယ်။

Fill က ပုံကို screen အပြည့်ပေါ်အောင် zoom လုပ်ပြီး ပြခြင်း ဖြစ်ပါတယ်။

Fit က ပုံတစ်ပုံလုံးကို screen မှာ ပေါ်အောင် ပြခြင်း ဖြစ်တယ်။

Stretch က ပုံကို screen အပြည့်ပေါ်အောင် ဆွဲဆန့်ပြီး ပြခြင်း ဖြစ်ပါတယ်။

Tile ကတော့ ပုံတွေကို screen အပြည့်ဖြစ်အောင် စီပြီး ဖော်ပြခြင်း ဖြစ်ပါတယ်။

Center ကတော့ ပုံကို မူရင်း resolution အတိုင်း ထားပြီး screen အလယ်မှာ ဖော်ပြခြင်း ဖြစ်ပါတယ်။

Span ကတော့ Fill နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ပုံကို အလယ်ကတော့ zoom ဆွဲပြီး ဖော်ပြပါတယ်။

 

ကျန်တာကို အပိုင်း (၂) မှာ ဆက်လက်ဖော်ပြပေးပါ့မယ်

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s