Bluetooth problem on Windows 10

မနေ့ညက မီးပျက်တော့ ကျွန်တော့ ကွန်ပြူတာနဲ့ ချိတ်ထားတဲ့ bluetooth speaker ကို join ထားတာ ဖြုတ်လိုက်ပါတယ်။ မီးပြန်လာတော့ ပြန် join လိုက်တယ်။ မီးက ၁မိနစ်လောက်ကြာတော့ ပြန် ပျက်သွားပြန်ရော။ အဲလိုနဲ့ connect လုပ်လိုက် disconnect လုပ်လိုက်နဲ့ ကျွန်တော့ computer ရဲ့ bluetooth device လေး error တက်သွားပြီး Device Manager မှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတော့တယ်။

၁. ဒါနဲ့ ကျွန်တော်လည်း Bluetooth ကို disable လုပ်ပြီး ပြန် enable လုပ်တယ်။ error က မပျောက်ဘူး။ Device Manager ထဲ  နောက်တစ်ခေါက် ပြန်ဝင်ကြည့်တော့ Unknown USB Device (Device Descriptor Request Fail) လို့ အောက်ဘက်မှာ ပေါ်နေတယ်။ Update Driver လုပ်လည်း မရဘူး။

၂. Bluetooth driver ကို Lenovo website ကနေ download ပြန်ဆွဲပြီး install ပြန်လုပ်တယ်။ မရဘူး။

၃. System Restore ပြန်လုပ်တယ် မရဘူး။

နောက်ဆုံး Googling လုပ်ပြီး လိုက်မွှေကြည့်တော့ ကိုယ်တွေလို ဖြစ်တဲ့ သူတွေလည်း အများသား ဆိုတာ တွေ့လိုက်ရတယ်ဗျ။ အားမငယ်ရတော့ဘူးပေါ့။ အဲလိုနဲ့ ၁၅ မိနစ်လောက် လျှောက်ရှာကြည့်လိုက်တော့ အဖြေတစ်ခုရတယ်။ ဘယ်လိုလည်းဆိုတော့ – Continue reading “Bluetooth problem on Windows 10”