Alpha Zawgyi

AlphaZawgyi

မြန်မာနိုင်ငံက ကွန်ပြူတာတွေမှာ အများအားဖြင့် Zawgyi font ကို အသုံးများကြပါတယ်။

အခုလက်ရှိ ကျွန်တော်လည်း Zawgyi Font ကို သုံးပြီး Blog ရေးနေတာ ဖြစ်ပါတယ်။ အဲလိုမျိုး Zawgyi စာလုံးတွေကို ရေးနိုင်ဖို့ ဖတ်နိုင်ဖို့အတွက် ကိုယ့် computerမှာ Zawgyi font အရင် Install လုပ်ထားဖို့ လိုပါတယ်။ လိုအပ်တဲ့ File install လုပ်နိုင်ဖို့အတွက် File တင်ပေးထားပါတယ်။

Zawgyi က windows 32bit နှင့် 64 bit ပေါ်မူတည်ပြီး Install လုပ်တာ အနည်းငယ် ကွဲပြားပါတယ်။

32bit တွေအတွက်က တစ်ခုကို install လုပ်တာနဲ့ စာသားတွေလည်း ဖတ်လို့ရသလို zawgyi keyboard လည်း Install လုပ်ပြီးသား ဖြစ်သွားပါတယ်။

64bit သမားတွေကတော့ အဲဒါအပြင် နောက်တစ်ခုပါ ထပ်ပြီး install ထပ်လုပ်ရပါသေးတယ်။ Install လုပ်တာက မခက်လို့ မပြတော့ပါဘူး။

Firefox, Explorer, Chrome တို့မှာ zawgyi font မြင်အောင် ဘယ်လိုပြောင်းရလဲ ဆိုတာ သပ်သပ် post တစ်ခု တင်ပေးပါ့မယ်။

32bit သမားတွေ က ပထမတစ်ခုတည်း down ပြီး 64 bit သမားတွေက နှစ်ခုလုံးdown ပြီး install လုပ်ပါ။

64 bit သမားတွေအတွက် ဒုတိယ တစ်ခုက Folder ဖြစ်ပါတယ်။ အဲဒီအထဲက ပုံမှာ ပြထားတဲ့အတိုင်း Setup.exe ကို Double-click နှိပ်ပြီး Install လုပ်ပါ။ တစ်ခြား .msi ဖိုင်တွေကို ဘာမှ မလုပ်ပါနဲ့။

zawgyi 64 setup.png

For 32 bit, Download This only  download.gif

For 62 bit, Download Both         download

32bit, 64bit မခွဲတတ်သူများ ဒီ Link မှာ ကြည့်ပါခင်ဗျ။